top of page

ကျေးလက်ဒေသဖွံ့ဖြိုးတိုး​တက်ရေးဦးစီးဌာန၏ မျှော်မှန်းချက်

  • ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ကျေးလက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်။

  • ကျေးလက်ဒေသ၌ အခြားလူမှုရေးဆိုင်ရာ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူထု ဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်။

  • ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေ အရင်းအမြစ် ရရှိစေရန်၊ အရင်းမပျောက် လည်ပတ် ရန်ပုံငွေ( Revolving Fund )၊ လူထုတိုက်ရိုက်ထောက်ပံ့ငွေ( Block Grant )များ ထူထောင် ဆောင်ရွက်ပေးမည်။

ရည်မှန်းချက်

  • ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးနှင့် ကျေးလက်အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားလာစေရန်။

  • ဌာနဝန်ထမ်းများနှင့် ကျေးလက်နေပြသူများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်။

  •  ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်းဖြင့် ကျေးလက်နေပြည်သူများမှ လူမှုစီးပွားဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေရန်။

About & Subscribe
  • White Facebook Icon
  • White Twitter Icon
  • White Instagram Icon
bottom of page