top of page

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)​

ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်း (VDP) သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက စတင်အကောင်အထည်ဖော်နေသော လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။ လူထုဗဟိုပြုကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ် အကောင်အထည် ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး  ၂၀၁၅ခုနှစ် အစောပိုင်းကာလက စတင် အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။ မိမိတို့နေထိုင်သော ကျေးရွာများဖွံ့ဖြိုးလာစေရေး အလေးပေးလုပ်ဆောင်ရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို လူထုကိုယ်တိုင်ပါဝင်ကာ ဆန်းစစ်ဖော်ထုတ်ပြီး လိုအပ်သော ရန်ပုံငွေများ ရှာဖွေ၍ အကောင်အထည်ဖော်ဆောင်ရွက်တတ်သောအလေ့အထများ ပိုမိုအားကောင်းလာစေရန် ဖြစ်ပါ သည်။ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်းကို (၁) ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲ ဖော်ထုတ်နိုင်စေရန်၊(၂) ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ် ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊(၃) ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ် အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ပါသည်။

VDP မူဘောင်တွင် လုပ်ဆောင်ရန်အဆင့်နှစ်ခု ပါဝင်ပါသည်။ ပထမ တစ်ခုသည် “ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan)” ဖြစ်ပြီး ၎င်းတွင် ကျေးရွာလူထု၏ လူမှုစီးပွားအခြေအနေနှင့် ကာလလတ် (ငါးနှစ်တာကာလ) ဖွံ့ဖြိုးရေးမူဘောင် တစ်ခုပါဝင်ပါမည်။ ၎င်း VDP ကို ကျေးရွာ၏ လူမှုစီးပွားအချက်အလက်များပါရှိသော ဖွံ့ဖြိုးရေးအထောက်အကူပြုဇယား (၄၈)ခုကို အခြေခံကာ ပြုစုခြင်းဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ “နှစ်စဉ်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအဆိုပြုခြင်းအစီအစဉ် (AVIP)” ဖြစ်ပြီး ရေးဆွဲထားသော “ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း”ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့်အဆင့် ဖြစ်ပါသည်။ ဤဒုတိယအဆင့်ကို ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ကျေးရွာလူထု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆင်းရဲမှုလျော့ကျစေရေး တို့ကို ပံ့ပိုးအားဖြည့်ပေးသကဲ့သို့ ဖြစ်ပါသည်။ “နှစ်စဉ်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအဆိုပြုခြင်းအစီအစဉ် (AVIP)” သည် နှစ်အလိုက် ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံတော်ဘဏ္ဍာရေး စက်ဝန်းနှင့်အညီ နှစ်တစ်နှစ်၏ ဘတ်ဂျတ်လျာထားတွင် ဆောင်ရွက်ရန်ဖြစ်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် VDP လုပ်ငန်းစဉ်ကို တိုးချဲ့ ဆောင်ရွက်လျှက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အထိ  မြို့နယ် (၂၂၇) မြို့နယ်ရှိ ကျေးရွာပေါင်း (၁၁၃၉၁)ရွာ ကို စီမံချက်များရေးဆွဲခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ကျေးရွာပေါင်း (၄၇၁၈) ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ/သားများကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါသည်။  “ပြည်သူအစပြုသည့် ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းနှင့် ရန်ပုံငွေလျာထားခြင်း လုပ်ငန်းစဉ်” အလေ့အကျင့်ဖြစ်လာစေရန် ရည်ရွယ်ပြီး ကျေးရွာများက ရေးဆွဲထားသော ကျေးရွာစီမံကိန်းများ (VDP) ကို သက်ဆိုင်ရာ မြို့နယ်အဆင့်တွင် ပေါင်းစပ်ညှိုနှိုင်း စုစည်းထားပါသည်။ ကျေးလက်ပြည်သူလူထုက ပြုစုတင်ပြထားသော “နှစ်စဉ်ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေအဆိုပြုခြင်းအစီအစဉ် (AVIP)” ကိုလည်း မြို့နယ်အဆင့်တွင်စုစည်းကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ၎င်းတို့၏ မူဝါဒနှင့် ကိုက်ညီမှုရှိမရှိ၊ မြေပြင်တွင်အမှန်တကယ်လိုအပ်မှုရှိမရှိ စနစ်တကျ စစ်ဆေးသုံးသပ်ကာ ဌာနဆိုင်ရာ ရသုံးခန့်မှန်းချေ ပြင်ဆင်ရာတွင် ထည့်သွင်းလျာထားပါသည်။

အင်တာနက်ကွန်ယက်စနစ်သုံး VDP ​ဒေတာဘေ့စ်တွင် ဒေတာဘေ့စ် အမျိုးအစားနှစ်ခုပါဝင်ပါသည်။ တစ်ခုမှာ မြို့နယ်အဆင့် ကျေးလက်လူမှုစီးပွားအချက်အလက်များကို စုစည်းဖော်ပြထားသော “ဖွံ့ဖြိုးရေးအထောက်အကူပြု ဇယား (၄၈) ခု” နှင့် အခြားတစ်ခုမှာ “ကျေးရွာအဆိုပြု VDP စီမံချက်များ” ဖြစ်ပါသည်။

လပွတ္တာမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မှု

  • ကျေးရွာအုပ်စု -​ ရေဆိုင်ကျေးရွာအုပ်စု

  • ကျေးရွာ - စမ်းချောင်းကျေးရွာ​​​

  • အိမ်ခြေ - ၅၇ အိမ်

  • လူဦးရေ - ၂၇၁ ဦး

  • မြို့မှအကွာအဝေး - ၁၂ မိုင်

  • စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်း

  • ၁၅၀၀ ပေ - ၆ ပေ - ၉ လက်မ​​

​ေ_edited.jpg
  • ကျေးရွာအုပ်စု -​ ဆားချက်အုပ်စု

  • ကျေးရွာ - တာလူဖတောကျေးရွာ​​​

  • အိမ်ခြေ - ၃၇၇ အိမ်

  • လူဦးရေ - ၁၈၃၇ ဦး

  • မြို့မှအကွာအဝေး - ၂၃ ရေမိုင်

  • စီမံကိန်းဖြင့် ရေဆင်းတံတား တည်ဆောက်ခြင်း

  • ၃၀ ပေ - ၁၀ ပေ - ၁၀ ပေ

75328764_465387074090540_466005672179898
  • ကျေးရွာအုပ်စု -​ စလူဆိပ်အုပ်စု

  • ကျေးရွာ - မိချောင်းအိုင်ကျေးရွာ​​​

  • အိမ်ခြေ - ၄၅၀ အိမ်

  • လူဦးရေ - ၁၈၉၇ ဦး

  • မြို့မှအကွာအဝေး - ၂၃ ရေမိုင်

  • စီမံကိန်းဖြင့် ချောင်းကူးတံတား တည်ဆောက်ခြင်း

  • ၉၀ ပေ - ၈ ပေ - ၁၀ ပေ

75242307_472210426977187_675277828264453
bottom of page