top of page

မြ​စိမ်းရောင်စီမံကိန်း၏ ရည်ရွယ်ချက်

  • အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချရန်၊

  • တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် အာဟာရ ပြည့်၀စေရန်၊

  • လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှ သဘောတူသော အတိုးငွေထည့်ဝင်ခြင်းအားဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး၊ ကျေးရွာ၏ လိုအပ်ချက်နှင့် အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းလာနိုင်စေရန်၊

  • ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်။

စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ

  • စီမံကိန်းကျေးရွာများအား ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဦးဆောင်ရွေးချယ်သည့် စနစ်အစား သက်ဆိုင်သူအားလုံး ပါဝင်ရွေးချယ်သည့် စနစ်ကို အပြည့်အ၀ ကျင့်သုံးရန်၊

  • ဆင်းရဲသောကျေးရွာ၊

  • မွေးမြူရေး အကောင်အထည်ဖော်နိုင်မှု (တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေး ဆောင်ရွက်ရန် အလားအလာရှိမှု)၊

  • စိုက်ပျိုးရေးအကောင်အထည်ဖော်နိုင်မှု( တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးရေး ဆောင်ရွက်ရန် အလားအလာရှိမှု)၊

  • တရားဥပဒေစိုးမိုးခြင်း( အရက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါးကင်းစင်ခြင်း)၊

  • ကျေးရွာသူ၊ ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊

  • လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊

  • အိမ်ခြေအနည်းဆုံး( ၈၀ )နှင့် အထက်ရှိသော ကျေးရွာ၊ ( အကယ်၍ အိမ်ခြေ(၈၀)အောက်လျော့ နည်းပါးက အုပ်ချုပ်မှုလွယ်ကူသည့် နီးစပ်ရာ ကျေးရွာများနှင့် ပေါင်းစပ်ဖွဲ့စည်းရမည်။

လပွတ္တာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေ -

၂၀၁၄ -၂၀၁၅ ခုနှစ်တွင်   ၁၁ ယူနစ်

၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် ၁၉ ယူနစ်

၂၀၁၆ -၂၀၁၇ ခုနှစ်တွင်  ၁၈ ယူနစ်

၂၀၁၇ -၂၀၁၈ ခုနှစ်တွင် ၁၄ ယူနစ်

၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ၅ ယူနစ်

စုစုပေါင်း ၆၇ ယူနစ်

လပွတ္တာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းအသင်းသား စုစုပေါင်း ၁၃၅၂၆ ဦး

bottom of page